Local News

မန္တလေးကုန်စည်ဒိုင် သို့ပြောင်းဖူးစေ့အသစ်ဝင်ရောက် အရောင်းသွက်၍ဈေးမြင့်လာ

Last Updated:

အောက်တိုဘာလတတိယပတ် မန္တလေးကုန်စည်ဒိုင်သို့ ရွှေဘို၊ကန့်ဘလူ၊ကျွန်းလှဘက်မှ ဗမာပြောင်းဖူးစေ့များဝင်ရောက်နေပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်းပိုင်းမှ စီပီပြောင်းများဝင်ရောက်နေ၍ တရုတ်ဝယ်လက်နှင့် တိရိစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူနေကြောင်း၊ အရောင်း သွက်၍ ယခင်တစ်ပတ်ထက်ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရသည်။

ရှမ်းပြောင်းဖူးစေ့ ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းများမှာ ယခုတစ်ပတ်တွင်ကျပ် ၅၅၀၀၀မှ ၅၆၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၃၀၀၀မှ ၅၃၅၀၀၊ ယခင်လကျပ် ၅၀၀၀၀မှ ၅၁၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀မှ ၂၅၀၀၊ ယခင်လထက် ၅၀၀၀ မြင့်တက်လာသည်။

စီပီပြောင်းဖူးစေ့ ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းများမှာ ယခုတစ်ပတ်တွင်ကျပ် ၅၅၀၀၀မှ ၅၆၀၀၀၊ ယခင်တစ်ပတ်ကျပ်၄၃၅၀၀မှ ၅၃၀၀၀၊ ယခင်လကျပ် ၅၀၀၀၀မှ ၅၁၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀မှ ၂၅၀၀၊ယခင်လထက်ကျပ် ၅၀၀၀ မြင့်တက်လာသည်။

ဗမာပြောင်းဖူးစေ့ ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းများမှာ ယခုတစ်ပတ်တွင်ကျပ် ၅၄၀၀၀မှ ၅၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၂၅၀၀မှ ၅၃၀၀၀၊ ယခင်လကျပ် ၄၉၀၀၀မှ ၅၃၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀မှ ၂၀၀၀၊ ယခင်လထက်ကျပ် ၂၀၀၀မှ ၅၀၀၀ မြင့်တက်လာ သည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News